Friday, September 14, 2012

Window 7 ကို USB က တစ်ဆင့် boot တက်အောင်လုပ်နည်း

Window 7 ကို USB က တစ်ဆင့် boot တက်အောင်လုပ်နည်း
 ခုလောက်ဆိုရင် window 7 ကို အတော်လေး ကျွမ်းကျင်သူတွေ ရှိလာပေမယ့် USB Drive ထဲ ထည့်သုံးလို့ရတယ်ဆိုတာ သိသူတော့ နည်းပါလိမ့်မယ်။ အရေးပေါ် လိုအပ်ချိန်တွေမှာ အလွယ်တကူ သုံး နိုင်ဖို့ USB ထဲ ထည့်ဆောင်သွားရတာ အဆင်ပြေလိမ့်မယ် ထင်တယ်။ Optical Drive မပါတဲ့ netbook လိုမျိုးမှာ USB ထိုးထည့်ပြီး window 7 ကို သုံးနိုင်မယ့် အခွင့်အရေးလို့ ဆိုချင်ပါတယ်။ Install လုပ်ရ တာလည်းမြန်၊ လုပ်ရချိန်လည်း သက်သာတဲ့နည်းပါ။
 တစ်ခုတော့ ရှိတယ်။ ဒီနည်းဟာ Window Vista နဲ့ Window 7 မှာပဲရမယ်။ အခြား OS တွေမှာ မရနိုင်ပါဘူး။ လုပ်နည်း အဆင့်ဆင့်ပြောရအောင်။ 
 

၁။    USB Stick ကို ပထမဦးဆုံး Format ချမယ်
 USB Stick ထဲမှာ အရေးကြီးတဲ့ Data တွေ ထည့်ထားရင် ပထမဦးဆုံး Backup လုပ်ထားလိုက် ပါ။ အဲဒီ Stick ကို Format ချရပါလိမ့်မယ်။ ဒါမှ bootable device အနေနဲ့ သုံးနိုင်မယ်။ USB Stick အနေနဲ့ အနည်းဆုံးရှိရမယ့် ပမာဏက 4 GB ပါ။ ပိုကောင်းတာကတော့ 8 GB ပေါ့။
၂။    USB Stick ကို Command (CMD) ထဲဝင်ပြီး Partition ခွဲမယ်
 Command prompt ကို Administrator အနေနဲ့ သုံးဖို့ ခေါ်ထုတ်ရမယ်။ Start မှာ cmd.exe လို့ရိုက်ထည့်ပြီး ခေါ်နိုင်သလို၊ Run ကနေ သွားနိုင်တယ်ဆိုတာလည်း သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒီလို ပေါ်လာရမယ်။
 ခုဆိုရင် C:\Windows\system32 ထဲရောက်နေပြီလို့ ဆိုရမယ်။ ကိုယ့် Window Partition က C: လို့လည်း သိထားရမယ်။ Diskpart လို့ ရိုက်ထည့်လိုက်ပါ။ ပြီးရင် Enter ခေါက်၊ အဲဒီအချိန်မှာ Format လုပ်နိုင်တဲ့ Disk စာရင်းတွေ ပေါ်လာအောင်လုပ်ဖို့လိုမယ်။ ဒါကြောင့် ကိုယ့်ထဲထည့်ထားတဲ့ Disk တွေရဲ့ စာရင်းပေါ်လာလိမ့်မယ်။ ကိုယ့် USB Stick ရဲ့ နံပါတ်နဲ့ ၀င်ဆန့်နိုင်တဲ့ ပမာဏကို ကြည့်တတ်ရမယ်။ ဒီမှာကတော့ USB Drive ရဲ့ နံပါတ်က Disk 2 ပါ။
၃။    Format ချမယ်။ (Command - Prompt အတိုင်း)
 Coomand ထဲဝင်ပြီး NTFS (New Technology File System) အတိုင်း Format ချမယ်။ စာ တွေကို မှန်အောင်ရိုက်နိုင်ဖို့တော့ လိုတယ်။
♯    Select Disk # (#ဆိုတာက ကိုယ့် USB ဟာ Command မှာ ပေါ်နေတဲ့အတိုင်း ရိုက်ထည့်ဖို့ပြော တာ) (ဥပမာ - Select Disk 2 စသည်ဖြင့်) ရိုက်ထည့်ပေးရမယ်။

♯    Clean ဆိုတာက (USB Partition ထဲမှာ ရှိနေတာမှန်သမျှ ရှင်းထုတ်လိုက်ဖို့ပြောတာ။ ဒါဆိုရင် Hidden Sector တွေလည်း ကုန်သွားလိမ့်မယ်။)
♯    Create Partition Primary ဆိုတာက (USB Primary Partition အသစ်ကို Default Parameter တွေနဲ့ Creat လုပ်ခိုင်းတာ။)
♯     Select Partition 1 (အသစ်ဖန်တီးထားတဲ့ Partition မှာ Operation ကို Focus လုပ်မယ်လို့ပြော တာ)
♯    Active (Partition ကို active ဖြစ်အောင်နဲ့၊ Disk Firmware ကို ခိုင်မာအေင် တည်ဆောက်တာ)
♯    Format FS = NTFS (Partition ကို NTFS System နဲ့ Format ချခိုင်းတာ။ အချိန်ကြာနိုင်တာ ကြောင့်စောင့်ပေးရမယ်။ USB ရဲ့ ပမာဏကိုလိုက်ပြီး အချိန်အနည်းငယ် အများရှိနိုတယ်။)
♯    Assign (USB Drive ကို Window volume အနေနဲ့ သုံးတော့မှာဖြစ်လို့ Drive Letter အသစ်တစ်ခု ပေးရမယ်။ စာရင်းထဲမှာပါတဲ့ Letter တွေနဲ့ မထပ်အောင် ကိုယ့်ဘာသာကိုယ် ရိုက်ထည့်ပေးလိုက် မယ်။ ဒီမှာတော့ USB ကို Drive အနေနဲ့ L လို့ ပေးလိုက်တယ်။
♯    Exit (Disk Part Tool ကနေ ထွက်ခိုင်းလိုက်တာ)
၎။    Window DVD ကို Desktop Folder အဖြစ် Copy လုပ်ခြင်း
 Window 7 Installation DVD ကို Drive ထဲထည့်မယ်။ DVD ထဲမှာ ပါတာတွေအားလုံးမြင်ရရဲ့လား ဖွင့်ကြည့်မယ်။ အဲဒီ DVD ထဲက ဖိုင်တွေအားလုံးကို Select All လုပ်လိုက်မယ်။ Desktop ပေါ်မှာ Folder တစ်ခုတည်ဆောက်မယ်။ DVD ထဲက ဖိုင်တွေအားလုံးကို copy လုပ်ပြီး၊ အဲဒီ Folder ထဲ သွားထည့်မယ်။ အဲဒီ Folder ကိုလည်း Windows 7 လို့ အမည်ပေးထားလိုက်ပေါ့။
၅။    Bootable Device အဖြစ်ပြောင်းမယ်။
 Command Prompt ထဲကို ပြန်ဝင်မယ်။ CD Command ကိုသုံးမယ်။ အစောပိုင်းတုန်းက DVD ထဲ ကနေဖိုင်တွေကို ကူးထည့်ထားတဲ့ folder ကို ညွှန်းရမယ်။ အဲဒီ Folder ကို Windows 7 လို့အမည် ပေးခဲ့တယ်နော်။ ဒီတစ်ခါ အဲဒီ Folder Part ကိုညွှန်းဖို့ ဒီလိုရိုက်ပေးမယ်။ C:\USERNAMEHERE\ Desktop\WINDOWS 7\ ဆိုပြီးတော့ပါ။ ပြီးရင် ဒီလိုရိုက်ထည့်မယ်။ CD Boot (ဒါမှ Boot Directory ထဲကို ရောက်သွားမယ်။ Bootsect က boot manager ကို စပြီးအသက်သွင်းနေပြီ။ USB Stick ကို bootable လုပ်လို့ရအောင် code တွေ စသွင်းနေပြီ။ ခုချိန်မှာ 32 - bit Window Vista သို့မဟုတ် Window 7 ကိုသုံးနေတဲ့သူဆိုရင် Bootsect က ကိုယ်ယခင်က Install လုပ်ခဲ့တဲ့ Disc နဲ့ကိုက်ညီမှ ရလိမ့်မယ်။ ဆိုလိုတာက 32 - bit Version မှာ 64 - bit version ကိုလာပြီး စီစဉ်ခိုင်းလို့မရဘူး ဆို တာပါ။ ဒီအချက်က အရေးကြီးတယ်။
၆။    USB ကနေပြီး ပြန်တက်ကြည့်ပါ။
 Desktop ပေါ်က Windows 7 Folder ထဲက ဖိုင်တွေကို USB ထဲ ကူးထည့်ဖို့လိုမယ်။ ဒါကို Command Prompt ကိုခေါင်းရှုပ်ခံပြီး သွားမသုံးနေနဲ့။ Select All လုပ်၊ ဆွဲထုတ်ပြီး USB ထဲထည့်လိုက် ရုံပဲ။ တကယ်လို့ အခြား ဟာဒ့်ဝဲလ်ဆိုင်ရာ Driver တွေရှိရင်လည်း တစ်ခါတည်း ကူးထည့်ထားလိုက် ရင်ပိုကောင်းတယ်။ ဒါမှ သူ့အလိုလို Driver ကို ရှာသွားလိမ့်မယ်။
 ခုချိန်မှဆိုရင် USB Stick က သုံးဖို့အသင့်အနေအထားမှာ ဖြစ်နေပါပြီ။ ကွန်ပျူတာကို Restart ပြန် လုပ်ပြီး Bios ထဲ ၀င်ကြည့်ပါ။ အဲဒီအထဲမှာ boot ကို ဘယ်ကနေစပြီး လုပ်မယ်ဆိုတာ ပြောင်းပေးဖို့ လိုကောင်းလိုပါလိမ့်မယ်။ Boot Divice ကို USB Drive အတိုင်း ရွေးပေးလိုက်ရင်ရပါပြီ။ စပြီး စမ်း ကြည့်လိုက်ပါတော့။
(ဒီထက် သေသေချာချာဖတ်ကြည့်ချင်တယ်ဆိုရင်တော့ဖြင့် အောက်မှာ PDF ဖိုင်ကိုသာဒေါင်းလော့လုပ်ယူသွားပါခင်ဗျ)
နှိပ်လိုက်ပါ

1 မှတ်ချက်:

  1. ကျေးဇူးတင်ပါတယ် ခင်ဗျ

    ReplyDelete

ယခုနေရာလေးတွင် အားပေးစကားပြောကြားနိုင်ပါသည် ။