ကျနော်ကိုလာလာပြောနေကျတာတော့အများကြီးပဲ ကျနော်လဲ မအားတာက တစ်ကြောင်း ပျင်းနေတာက တစ်ကြောင်း နဲ့ ဘာပိုစ့်မှကိုမတင်ဖြစ်ဘူးဗျာ
ဒီနေ့ စိတ်ကူး ရတာနဲ့ တင်ပေးလိုက်ပါတယ် CSS နဲ့ background ရေးနည်းလေးပါ HTML နဲ့  ပါတွဲပြီးဖေါ်ပြလိုက်ပါမယ် ကြိုးစားလုပ်ကြည့်ကျပါ ။
CSS background မှာကုဒ်မှာပါဝင်ရမဲ့ အချက်လေးတွေကို အရင် သိအောင်ပြောပြပါမယ်
ပါဝင်ရမဲ့ အချက်ငါးချက်ရှိပါတယ်
၁ ။ background-color
၂ ။ background-image
၃ ။ background-repeat
၎ ။ background-attachment
၅ ။ background-position
ဆိုပြီးပါဝင်ပါတယ် ဒီအချက်ငါးချက်ကို ထည့်သွင်းရေးပေးရပါလိမ့်မယ်
၁ ။ နောက်ခံကာလာ အရောင်ကိုဖေါ်ပြပါတယ်
၂ ။ နောက်ခံ ပုံ ကိုဖေါ်ပြပါတယ်
၃ ။ နောက်ခံ ပုံကို ပုံပွားမလားတစ်ပုံထဲပေါ်ချင်လားဆိုတာကိုဖေါ်ပြပါတယ်
၎ ။ နောက်ခံ ပုံကိုပူးတွဲတင်ပြပါတယ်
၅ ။ နောက်ခံ ပုံရဲ့ ဘယ်မှာဖေါ်ပြမလဲ ဆိုတဲ့  နေရာသတ်မှတ်ချက်ကိုဖေါ်ပြပါတယ် ။
<style type="text/css"> ဆိုပြီး စရေးပါမယ် ဘာလို့ လဲ ဆိုတော့ CSS ကုဒ်ကို ဖေါ်ပြပေးဖို့ အတွက်ပါ အဆုတ်မှာတော့ </style> နဲ့ ပြန်ဆုံးပါမယ်
<style type="text/css">
body { background-image: url(http://dl8.glitter-graphics.net/pub/201/201078ahywuks72i.jpg);
background-color: transparent;
background-repeat: no-repeat;
background-attachment: fixed;
background-position: center; }
</style>
ကဲဗျာ ကျနော် တို့ အပေါ်မှာဖေါ်ပြပါကုဒ်တွေထည့်ပြီးလိုက်ပါပြီ သေခြာလေးကြည့်လိုက်ပါ ။
no-repeat ဆိုတာကတော့ ကျနော်တို့ ပုံကို တစ်ပုံထဲသာဖေါ်ပြခိုင်းထားခြင်းဖြစ်ပါတယ် ။
transparent ဆိုတာက တော့ ကျနော် တို့ နောက်ခံကာလာကို အကြည်လေးဘာကာလာမှမထည့်ထားဘူးဆိုတာကိုဖေါ်ပြထားခြင်းဖြစ်ပါတယ် ။
fixed ဆိုတာကတော့ ကျနော် တို့ ပုံကို အတည်တကျ ဖေါ်ပြခိုင်းထားတဲ့ နေရာမှာပဲ ဖေါ်ပြပါလို့  ထည့်သွင်းထားခြင်းဖြစ်ပါတယ် ။
center ဆိုတာကတော့ ကျနော်တို့ ပုံကို အလည်တည့်တည့်မှာသာ ဖေါ်ပြခိုင်းထားခြင်းဖြစ်ပါတယ် ။
ပထဦးကျနော်တို့  Html နဲ့ ရေးမယ်ဆိုရင် အရင်ဆုံး
<html>
<head>
<title>IT friendships</title>
</head></html>
ဒီကုဒ်သည် ဘာကိုဖေါ်ပြလဲ ဆိုရင် ကျနော် တို့  tab bar ပေါ်က tittle bar မှာ ပေါ်နေမဲ့ နာမည်လေးပေါ့ နော်
ပာုတ်ပြီ ဆက်ရေးလိုက်ကျရအောင်နော် html နဲ့ 
<html>
<head>
<title>IT friendships</title>
</head>
<style type="text/css">
body { background-image: url(http://dl8.glitter-graphics.net/pub/201/201078ahywuks72i.jpg);
background-color: transparent;
background-repeat: no-repeat;
background-attachment: fixed;
background-position: center; }
</style>
</html>
မယုံဘူးဆို notepad နဲ့  save ကြည့်လိုက်ပါ save တဲ့ နေရာမှာ .html ဆိုပြီး save ပြီးသိမ်း လိုက်ပါ ပြီးရင် ကိုယ့်ကွန်ပြူတာထဲမှာ မော်ဇီလာဖြစ်ဖြစ် ဘာဖြစ်ဖြစ်နဲ့ ဖွင့်
ကြည့်လိုက်ပါ နောက်ခံ background လေးပေါ်နေတာတွေ့ ရပါမယ် ။
အဆင်ပြေပြီးလုပ်တက်ကျပါစေ ဗျာ
သူခိုးလေးဖြိုးဝေ ( အိုင်တီလူငယ်များဆုံဆည်းရာ )
0 မှတ်ချက်:
Post a Comment
ယခုနေရာလေးတွင် အားပေးစကားပြောကြားနိုင်ပါသည် ။
Click to see the code!
To insert emoticon you must added at least one space before the code.