Monday, September 24, 2012

ကျနော်သိတဲ့  web တစ်ခုတည်ဆောက်နည်း

မင်္ဂလာပါ ရေးမယ်ရေးမယ် နဲ့  မရေးဖြစ်ဘူး ဘာလို့ လဲ တော့ အကြောင်းက ကိုယ်ကိုတိုင်က သင်တန်း တက်ပြီး သင်ယူထားတဲ့ ပညာရပ်တွေမပာုတ်ပဲ ကိုယ်တိုင် စမ်းသပ်လေ့လာထားတော့
သူများတွေလို သင်တန်းတက်ပြီး ပြန်ရှင်းပြပြီးရေးထားတာမပာုတ်တော့ အမှားပါမှာ တစ်ကြောင်း ကိုယ်ရေးလိုက်လို့  အမှား ပါသွားရင် လဲ ဒီကောင်ဝင်ဖောနေတာပါ ကွာ လို့ ပြောခံရမှာက တစ်ကြောင်း ဒါကြောင့် ဒီလိုပိုစ့်မျိုး ကိုမရေးဖြစ်တာ ပါ ခုတော့ ညီလေး အဖြူရောင် က လဲ အကို ဘာပဲဖြစ်ဖြစ် ရေး ညီလေးတို့ လဲ ပညာတစ်ခု ဝေမျှပေးပါဆိုလို့  သိသလောက်လေ့လာ ထားသလောက်လေးကို စာအဖြင့် ရေးသား တင်ပြလိုက်ရပါတယ် အမှား များပါရှိခဲ့ ပါ က သင်တန်းတက်ပြီးရှင်းပြထားခြင်းမပာုတ်တဲ့ အတွက်ကြောင့် နားလည်ခွင့်လွှတ်ပေးပါလို့ ဒီနေရာလေးကနေ တောင်းပန်အပ်ပါတယ် .................။

ကျနော်သိတဲ့  domain name ဆိုတာ ဘာကိုခေါ်လဲ :?

domain name က ဘာနဲ့ ခိုင်းနှိုင်းပြရမလဲ ဆိုရင် မိမိ အိမ်တစ်အိမ်မှာ မရှိမဖြစ် ပါရှိတဲ့ အိမ်လိပ်စာလေးကို domain name တစ်ခုလို့ မှတ်ထားလိုက် ဗျာ ............။
ဒါလောက်လေးပဲမှတ်ထားလိုက်ပေါ့ နော် yourname.com  မျိုးကို domain name တစ်ခုလို့ ခေါ်တာပေါ့ နော် ။

ပာုတ်ပြီ ဒါဆို domain name အကြောင်းသိပြီပဲထားလိုက်တော့  :D :D

အယ် ဒီလို domain name တစ်ခုရှိပါပြီ hosting တစ်ခုမရှိလို့ လဲ မဖြစ်သေးဘူးလေ domain name နဲ့  ဆိုဒ်တစ်ခု လုပ်လို့ မရသေးပြန်ဘူး
ဒါကြောင့် hosting လို့ ခေါ်တဲ့  ကိုယ်ပိုင်မြေကွက် တစ်ကွက်တော့ ၀ယ်မှဖြစ်တော့မယ် ပာပ်ချလောင်း ကိုယ်ပိုင် မြေကွက် တစ်ကွက်ဖြစ်တဲ့  hosting ကိုဝယ်လိုက်ပါပြီ

OK ဒါဆို စမယ် လုပ်ငန်းတစ်ခု အိမ်လိပ်စာ ရယ် မြေကွက်ရေ ရပြီ ဆိုရင် ကျနော် တို့ အိမ်တစ်အိမ်ကို ဘယ်လိုစဆောက်မလဲ အရင်စဉ်းစား ကျမယ် .....။
အိမ်တစ်လုံးဆောက်မယ် ဘယ်လိုအိမ်မျိုးဆောက်မှာ လဲ အရင်စဉ်းစား ရမယ် တိုက်အိမ်လား ပျဉ်ထောင်အိမ်လား  တဲအိမ်လား ပေါ့ :P

ဘာအိမ်ပဲဆောက်ဆောက် အိမ်တစ်အိမ်မှာ စဆောက်ပြီးဆို အုတ်ဖိနပ် အရင် စခံရတာများပါတယ် အုတ်ဖိနပ်မခံရင် လဲ အဲ့ အိမ်က ရာသီဥတု ဘေးဒဏ် နဲ့ ပြိုလဲတာများပါတယ်  :D
ပာုတ်ပြီ အုတ်ဖိနပ် ချမယ် အုတ်ဖိနပ်ကို ကျနော် ဘာနဲ့ ခိုင်းနှိုင်းမလဲ ဆိုရင် ဆိုဒ်တစ်ခု လုပ်တော့မယ် ဆိုရင် အခြေခံဖြစ်တဲ့  data base  တစ်ခုအရင် ဆုံးတည်ဆောက်မှဖြစ်တာပါ
အဲ့ လို data base တစ်ခု ကိုဘယ်လို တည်ဆောက်ရတာလဲ ကိုဖြိုးဝေ လို့ မေးလာရင် ကျနော် သိတဲ့  data base တစ်ခု တည်ဆောက်ပုံကတော့ အရင်ဆုံး cpanel လို့ ခေါ်တဲ့ 
ကျနော်တို့  hosting ထဲက MYSQL DATA BASE ထဲမှာ database တစ်ခု ကိုစတင်တည်ဆောက်ရပါမယ် မရှင်းဘူးဆိုရင် ကျနော် ဗီဒီယိုဖိုင်လေးကိုတင်ပေးလိုက်ပါမယ် အဲ့ မှာ
လဲ သွားရောက်လေ့လာလို့ ရပါသေးတယ် .........။


ဗီဒီယိုဖိုင် လေးပါ နှိပ်ပြီးလေ့လာလိုက်လို့ ရပါတယ် အဲ့ ထဲကအတိုင်းပါပဲ data base တစ်ခုကိုအရင် ဆုံးစတင်တည်ဆောက်ရပါတယ်  ........။

ပထမ ကိုယ်စတင်တည်ဆောက်မဲ့  data bases နာမည်ရေးလိုက်ရပါတယ် အဲ့ မှာကိုယ်နာမည်ရေးထည့်လဲရပါတယ်

ဒုတိယ က တော့ ကိုယ်နာမည်နဲ့  data bases တစ်ခုပေးထားတဲ့ ပာာကို user name နဲ့  password ကိုရေးထည့်ပေးရပါမယ် အဲ့ ထည့်တဲ့ အခါမှာသေခြာလေး username နဲ့  password လေးတော့မှတ်သားထားစေချင်ပါတယ်

တတိယ အနေ နဲ့ တော့ ကိုယ်တည်ဆောက်ထားတဲ့  ပထမ အဆင့်မှာ လုပ်ထားတဲ့  data bases နာမည်နဲ့ ဒုတိယ username ကိုတွဲပေးရပါတယ်  အဲ့ တွဲပေးလိုက်တာရင် ကျနော် တို့ 
data base တစ်ခု ကိုတည်ဆောက်ပြီးဖြစ်ပါတယ် ကျနော်ပြောတဲ့ အထဲမှာ နည်းနည်းလေးကျန်ထားခဲ့ တာတွေရှိပါတယ် ဒီအတွက် ဗီဒီယို ဖိုင်လေးကို ဖွင့်ကြည့်ပေးစေ ချင်ပါတယ်

ပာုတ်ပြီ ဒါဆိုကျနော် တို့  အိမ်တစ်အိမ်ဆောက်ဖို့  အုတ်ဖိနပ် တစ်ခုတည်ဆောက်ပြီးဖြစ်ပါတယ် အခြေခံဖြစ်တဲ့  data base တစ်ခု ကိုတည်ဆောက်ပြီးပြီးဆိုရင်တော့ ကျနော် တို့ 
cpanel ထဲက file manager ထဲကိုပြန်သွားရပါမယ် .............။

အဲ့ ထဲမှာ ကိုယ်ဆောက်မဲ့ အိမ်ပေါ့နော် တစ်နည်းအားဖြစ်ကိုယ်ဆောက်မဲ့  web တစ်ခုပေါ့ အဲ့ ထဲမှာ တည်ဆောက်ရပါတယ်
ကိုယ်ဆောက်မဲ့ အိမ်က ဘယ်လို အမျိုး အစားလဲ ဆိုတာ တစ်ချက်စဉ်းစားပေါ့  phpbb လား SMF လား wordpress လား ဘာလား ဆိုတာကိုတော့ကြည့်ပေါ့

SMF နဲ့ ဆောက်ချင် SMF ဆော့ဝဲကို အရင်ဒေါင်းပြီတင် phpbb နဲ့ ဆို လဲ phpbb ကိုဒေါင်းပြီး file manager နဲ့ upload တင်လိုက်ပေါ့

ဒါမှမရသေးဘူး ကျနော်က upload မတင်တက်သေးဘူးအင်စတောမလုပ်တက်သေးဘူး ဆိုရင်လဲ အဲ့ cpanel ထဲက software service ပေးထားတဲ့ နေရာလေးတစ်ခုပါပါတယ်
အဲ့ ထဲဝင်ပြီးတော့လဲ သူတို့  service ပေးထားတဲ့ အမျိုးအစားထဲက ကိုယ်ကြိုက်တာလေးတွေကို ရွေးပြီး အင်စတောလုပ်လို့ ရပါသေးတယ် .......။
ဒါကတော့တစ်ကယ်ကိုလွယ်ကူတဲ့  ဖိုရမ် ဆိုဒ်တစ်ခု အင်စတောလုပ်သွားတဲ့ နည်းပေါ့နော်   :D :D 

အဲ့ ဒါနဲ့ အင်စတောလုပ်မယ်ဆို မြန်မာလိုပေါ်မှာမပာုတ်တာတော့သေခြာ ပါတယ် myphpadmin ထဲမှာ utf8_general_ci  ဆိုတာလေးကိုရွေးပြီးချိန်းပေးထားမှသာ လျှင်
ကျနော်တို့ မြန်မာလိုရေးလိုရပြီးမြန်မာလိုဆိုဒ်မှာ ပေါ်မှာဖြစ်ပါတယ် .......။

တော်ပြီ နည်းနည်းပဲဖောတော့မယ် 
ကျန်တာနောက်မှသိတာလေးတွေပြောပြသွားတော့မယ် အမှားများလိုအပ်တာလေးများပါရင်ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ် ။

0 မှတ်ချက်:

Post a Comment

ယခုနေရာလေးတွင် အားပေးစကားပြောကြားနိုင်ပါသည် ။