Thursday, September 13, 2012
Sam Broadcaster အကြောင်း
Sam Broadcaster  အကြောင်း နည်းနည်းလေးဝေမျှလိုက်ပါတယ်ဗျာ
ဒေါင်းလုဒ်လုပ်ပြီး အင်စတောလုပ်ပါ
http://www.mediafire.com/?huc24u67z8sv0z3
အင်စတောလုပ်ပုံလုပ်နည်းတော့မပြောပြတော့ပါဘူး next next သာလုပ်သွား မှတ်ချက် အဓီကနေရာက register လုပ်ခိုင်းတာပါပါလိမ့်မယ် အဲ့ ဒါလေးကို ကျော်ပေးခဲ့ ပါ key ဖိုင်လေးထည့်ပေးရပါတယ် မလုပ်လိုက်ပါနဲ့  ကျော်လို့ ရပါတယ်ကျော်လိုက်ပါ ။
အင်စတောလုပ်ပြီးရင် ဒီလိုလေးမြင်တွေ့ ရပါတယ် sitting ဝင်ချရအောင်ဗျာ ...
Desk top B ထဲဝင်လိုက်ပါ B ထဲမှာ ကျနော်ပုံထဲမှာပြထားတဲ့ အတိုင်း Encoders ထဲ  + လေးကိုတစ်ချက်နှိပ်လိုက်ပါ  ပြီးရင် Mp3 ကိုရွေးပေးလိုက်ပါ Ok ပေးလိုက်ပါ ။
နောက် box လေးတစ်ခုပေါ်လာပါလိမ့်မယ် အဲ့ ပေါ်လာတဲ့ နေရာမှာ ကျနော်တို့  အရင်သုံးခဲ့ တဲ့ ဆော့ဝဲလိုပဲ  format ရွေးပေးရပါတယ် format အနေနဲ့  64kb/s.22.1kHz,stereo ဆိုတာလေးကိုရွေးပေးလိုက်ပါ ပြီးရင် Server Details ထဲကိုဝင်ပေးပါ  အဲ့ ထဲ မှာ server ip တို့  port တို့ password တို့ ထည့်ခိုင်းပါမယ် အရင် ဆော့ဝဲမှာ sitting ချခဲ့ အတိုင်းပဲ ချပေးလိုက်ပါ  မသိရင် ပုံထဲကအတိုင်းကြည့်လုပ်နိုင်ပါတယ် ။
ပြီးလို့ ရှိရင် Ok နှိပ်ပြီး ထွက်လို့ ရပါပြီ  ။
ခုလိုပုံလေးနဲ့  sitting ချပြီး တဲ့ ပုံလေးပေါ်နေပါလိမ့်မယ် အဲ့ ပုံလေး 1 mp3 ဆိုတာလေးကို စလက်ပေး Right click လေးနှိပ်ပြီး start ဆိုတာလေး
လုပ်ပေးလိုက်မယ်ဆိုရင် ကျနော်တို့ ဆာဗာကို ကွန်တက်ချိတ်မိပြီ ဖြစ်ပါတယ် ။
sitting ချတာအိုကေပြီးဆိုရင် ကျနော်တို့  Desk top A ကိုပြန်သွားလိုက်ပါ ။
အောက်က ပုံထဲမှာဖေါ်ပြထားတာတစ်ချက်ကြည့်ပါ
1 နေရာလေးကတော့ သီချင်းတွေထည့်ပေးရတဲ့ နေရာလေးပါ + လေးကိုနှိပ်ပြီး သီချင်းသွင်းပါ ။
2 နေရာလေးကတော့ ကျနော်တို့ ဆာဗာကွန်တက်မိမမိကြည့်ရမဲ့ နေရာလေးပါ ။
    ( window ထဲတွင် Encoder ဆိုတာလေးကို အမှန်ခြစ်ပေးချင်းဖြစ် မြင်နိုင်ပါသည် ။  )
3  နေရာလေးကတော့ ကျနော်တို့ ဘယ်သူတွေ သီချင်းတောင်းလဲ ဘာသီချင်းကိုဖြင့် တင်ဆက်နေပါတယ်ဆိုတာလေးပါ အနောင့် လုပ်ရမဲ့ နေရာလေး
    ပါ  ။  ( အနောင့်လုပ်ရန် VOICE ကို Config တစ်ချက်နှိပ်ပါ ပြီးလို့ ရှိရင် လေးထောင့်ကွက်ကြီးကို မိထားပြီး ကိုယ်ပြောချင်တဲ့ စကားကိုပြောနိုင်ပါ
တယ်  ပြောပြီးပါက ပြန်လည်လွှတ်ပေးပါရန်  ။ )
Play လုပ်ပြီး သီချင်းများကို တင်ဆက်နိုင်ပါပြီ  Auto DJ ထားခြင်းဖြစ် သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်မကူးခင်မှာ အဆက်အဆက်လေးနဲ့ နားထောင်ကောင်း
အောင်တင်ဆက်ပေးလို့ လဲရပါတယ် အဲ့ ဒါလေးကတော့ Desk top A စာတန်းလေးရဲ့ ဘေးဘက်လေးမှာ ရှိပါတယ်  ။
P.s  Sam Broadcaster ရဲ့ License Key လိုချင်ပါက mr.phyolay28@gmail.com ဆက်သွယ်နိုင်ပါသည် အွန်လိုင်းတွင်
$149 ကျပ်ဖြင့်  Sam Broadcaster ကိုရောင်းချပေးနေသော ဆော့ဝဲအား အမှန်တစ်ကယ်အသုံးလိုချင်ပါက အလကားပေးမည် ။
သူခိုးလေးဖြိုးဝေ
( အိုင်တီလူငယ်များဆုံဆည်းရာ )
0 မှတ်ချက်:
Post a Comment
ယခုနေရာလေးတွင် အားပေးစကားပြောကြားနိုင်ပါသည် ။