Thursday, September 13, 2012
ချစ်သူအတွက်
မထင်ခဲ့ မိဘူး
ငါတို့ နှစ်ယောက်
ဒီချိန်ထိ ဖြစ်လာလိမ့်မယ် လို့ 
ငါဆိုတဲ့ ကောင်က လဲ အချိန်တွေကို
တန်ဖိုးထားမြတ်နိုးသလို အရာရာကို
အကောင်းဆုံးပဲ လုပ်ချင်တယ် ချစ်သူ
ဖြစ်မလာသေးတဲ့ အချိန်တွေကို
စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါ
ငါဆို တဲ့ ကောင်က လဲ 
ရည်မှန်းချက်တွေကို
ဖြစ်အောင်လုပ်တက်တဲ့ ကောင်ပါ
ဒါကြောင့် မင်းမျှော်လင့်သလို
ငါဖြစ်အောင် ကြိုးစားမှာပါ
ဒီတွက်ကြောင့် စိတ်မပျက်ပါနဲ့ 
ငါ က ဘဝရထားပေါ်မှာ
ခရီးသွားနေတဲ့ လူတစ်ယောက်ပါ
အလှပြင်ပြီချောမောလှပနေတဲ့ 
လူတစ်ယောက်လဲမပာုတ်ဘူးချစ်သူ
ဒါကြောင့် ငါလျှောက်နေတဲ့ 
လမ်းက နည်းနည်းကြမ်းတယ်
မင်းလိုက်ရဲ ပါ့မလား
ငါကမင်းထင်သလို
မျှော်လင့်ချက်မရှိတဲ့ လူ
ရည်မှန်းချက်မရှိတဲ့ 
လူမပာုတ်ပါဘူးချစ်သူ
ငါက မင်းအတွက် နဲ့  ပဲ
ပျောက်ဆုံးခဲ့ သလို
မင်းအတွက်နဲ့ ပဲ ငါရဲ့ 
မျှော်လင့်ချက် ပန်းတိုင်တွေကို
ရိုက်ချိုးခဲ့ ရတာပါ ချစ်သူရယ် .......။
0 မှတ်ချက်:
Post a Comment
ယခုနေရာလေးတွင် အားပေးစကားပြောကြားနိုင်ပါသည် ။