
ကျနော်အဲ့ကောင်လေးကို ကိုခန့်ဆီကလှမ်းမေးဘူးပါတယ် ... သူဆီကနေ web site လိပ်စာလေးတောင်းပြီး register လုပ်ဘူးပါတယ် ဒီတော့မသိသေးတဲ့အိုင်တီက လူငယ်တွေအတွက်ပေါ့ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ် သူဆိုဒ်မှာ register လုပ်မယ်ဆိုရင် တစ်လ ကို နှစ်ထောင်
ဖြတ်ပါတယ် နှစ်သိန်းတန်ဖုန်းတွေကအစ လုပ်လို့ရပါတယ် သီချင်းတစ်ပုဒ်ဝယ်ယူမယ်ဆိုရင် ၃၀၀ ကျပ် ဖြတ်ပါတယ်တစ်ပုဒ်ကို
ကြိုက်နှစ်သက်ရာသီချင်းကိုဝယ်ယူပြီးထည့်သွင်းနိုင်ပါတယ်ကိုယ်တော့နားထောင်လို့မရဘူးဒါပေမဲ့ဖုန်းဆက်တဲ့လူနားထောင်လို့ရတာပေါ့နော် ..... ။ ဘယ်လိုလုပ်ရမလဲဆိုရင်တော့လုပ်ပုံလုပ်နည်းကိုပြောပြပေးပါမယ် ။
…
မိတ်ဆွေ၊ သူငယ်ချင်းများမှ သင့်ထံ ဖုန်းခေါ်ဆိုသော အခါ ပုံမှန် မြည်နေသော Ring မြည်သံ အစား တီးလုံးသံလေးများ ကြားလိုပါသလား? Ytune ကို အသုံးပြုခြင်းအားဖြင့် သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်များဖြင့် သင့်ရဲ့တယ်လီဖုန်းဆက်သွယ်ချိန်တိုင်းမှာ စိတ်ကြည်နူးမှုရယူနိုင်ပါတယ် .. Ytune အား ပုံမှန်လစဉ်ကြေး ပေးသွင်းခြင်းအားဖြင့် မိမိထံသို့ ဖုန်းခေါ်ဆိုသော မိတ်ဆွေများကို Ring Tune သီချင်းသံလေးများ နားဆင်စေရင်း ရသသစ်တစ်မျိုးခံစားနိုင်ကြမှာ ဖြစ်ပါတယ်...
သင့်မိတ်ဆွေများ ထံသို့ တစ်နေ့တာ အပြန်အလှန် ဆက်သွယ်ချိန်တိုင်းအတွက် “သံစဉ်များသီကျူးပေးနေမဲ့ Yatanarpon Ytune” အား အသုံးပြုကြပါစို့ ...
Online Register ပြုလုပ်ပုံ အဆင့်ဆင့်
- ပထမအဆင့်အနေဖြင့် Ytune Service Website (http://www.ytune.com.mm ) သို့ ဝင်ရောက်ပါ။
- Ytune Service ရယူရန် ဖုန်းတစ်လုံးချင်းစီအတွက် အကောင့်တခုစီ လျှောက်ရမည်။ အကောင့်လျှောက်ရန် အတွက် Ytune Service Website ပထမဆုံးစာမျက်နှာ ဝဲဘက်အထက်နားရှိ Register ဟူသော Link မှတဆင့် သွားရောက်၍ အောက်ပါ form အားဖြည့်စွက်ရမည်ဖြစ်သည်။
Form ဖြည့်စွက်ပြီးနောက် APPLY FOR A DYNAMIC PASSWORD Button အားနှိပ်လိုက်ပါက Ytune Service အတွင်းသို့ဝင်ရောက်နိုင်မည့် Password အား သင်၏ဖုန်းသို့ SMS Message ချက်ချင်း ပေးပို့ အကြောင်းကြားမည်ဖြစ်ပါသည်။
-ရရှိလာသော Password အား အောက်ပါ form တွင်ဖြည့်စွက်ရမည်ဖြစ်သည်။
Password ဖြည့်စွက်၍ Confirm Button အား နှိပ်ပြီးလျှင် Register ပြုလုပ်ခြင်း အဆင့် ပြီးစီးသွားပြီ ဖြစ်ပါသည်။
SMS Register ပြုလုပ်ပုံ အဆင့်ဆင့်
- ပထမအဆင့်အနေဖြင့် ဖုန်းကုဒ်နံပါတ် 1772 သို့ Reg ဟုရေးသား၍ Message ပေးပို့ရပါမည်။
- အသုံးပြုသူများထံသို့ Service System မှ Ytune Service တွင် အကောင့်တစ်ခု ရရှိပြီးဖြစ်ကြောင်း Auto Return Message Code 777777 အား ပေးပို့ အကြောင်းကြားမည် ဖြစ်ပါသည်။
- System မှပေးပို့လိုက်သော Default Password Code Number သည် Security အရ အသုံးပြုခွင့် ပိတ်ထားပါသဖြင့် အသုံးပြုသူများမှ ဖုန်းကုဒ်နံပါတ် 1772 သို့ [cpw +“your password” ] ဟုရေးသား၍ Message ထပ်မံ ပေးပို့ရပါမည်။
- ထို့နောက် Ytune Service အား ဝင်ရောက် အသုံးပြုသော သီးခြား password တစ်ခုကို အသုံးပြုသူများထံသို့ System မှ Message ပေးပို့ အကြောင်းကြားမည် ဖြစ်ပါသည်။
အသုံးပြုသူ Member များအတွက် လမ်းညွှန်
-Ytune System အား အသုံးပြုသူ Member များအတွက် System မှ Default Ring Tune တစ်ခု သတ်မှတ်ပေးထားပြီး ဖြစ်ပါသည်။
(Ytune Store & Top List) သံစဉ်များ ရွေးချယ်ဝယ်ယူနိုင်ရန်
လူကြီးမင်းတို့ ကြိုက်နှစ်သက်ရာ သီချင်းများကို Ytune Store (သို့မဟုတ်) Top List စာမျက်နှာ ၂ ခုတွင် စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ရွေးချယ်ရာတွင် Ring Tune Code (သို့) သီချင်းအမျိုးအစား(သို့) သီချင်းသီဆိုသူ (သို့) သီချင်းအမည်ဖြင့့်် ရှာဖွေ၍ စမ်းသပ်နားထောင် ရွေးချယ်နိုင်ရန် လက်ရှိ ရေပန်းစားနေသော သီချင်းများနှင့် နောက်ဆုံးပေါ် သီချင်းအမျိုးအစားပေါင်းများစွာကို Top List စာမျက်နှာ မှတဆင့် လ အလိုက်၊ အပတ်စဉ် အလိုက် ထိပ်ဆုံး စာရင်းများကို ရှာဖွေ ရွေးချယ်နိုင်ပါသည်။
(My Ytune) ကိုယ်ပိုင်သံစဉ်များ စုစည်းမှု
လူကြီးမင်းတို့ ဝယ်ယူထားသော သံစဉ်များအား မူပိုင်သံစဉ် (Default Tone) တစ်ခု ထားရှိနိုင်ခြင်း အပြင် အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် အစရှိသဖြင့် ပြင်ဆင်ပြောင်းလဲနိုင်ခြင်း၊ မိမိစိတ်ကြိုက်သတ်မှတ်ထားသော အချိန်အပိုင်းအခြားတစ်ခု (Time Period Tone) ထားရှိနိုင်ခြင်း၊ စ သော လုပ်ငန်းစဉ်များကို My Ytune စာမျက်နှာတွင် ဆောင်ရွက်နိုင်ပါသည်။
(Number Mangament)
ဖုန်းခေါ်ဆိုသော နံပါတ်များကို မူတည်၍ သံစဉ်များအား အုပ်စုလိုက်ခွဲခြားထားသိုခြင်း
ဖုန်းခေါ်ဆိုသော မိတ်ဆွေများ၏ နံပါတ်များအလိုက် အုပ်စုခွဲကာ သံစဉ်များအား တလှည့်စီ နားဆင်နိုင်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ လူကြီးမင်းထံသို့ ခေါ်ဆိုသော ဖုန်းနံပါတ်များထဲမှ မိမိ၏ Tune အား မကြားစေချင်သော ဖုန်းနံပါတ်အား Blacklist ထဲတွင် ထည့်သွင်းနိုင်ပါသည်။
(Personal Setting) ကိုယ်ရေးဖိုင်
Ytune Service အသုံးပြုသူ၏ ကိုယ်ရေးဖိုင်ထဲတွင် မိမိနှင့်ပတ်သက်သော အချက်အလက်များဖြစ်သည့် လျှို့ဝှက်နံပါတ် နှင့် ကိုယ်ရေးအချက်အလက် အစရှိသည်တို့ကို ပြောင်းလဲနိုင်မည် ဖြစ်ပါသည်။ အကယ်၍ မိမိ လျှောက်ထားပြီးဖြစ်သော ဖုန်းနံပါတ် (eg, 9 xxx xxx xxx) ကို ပယ်ဖျက်လိုပါက မိမိ ကိုယ်ရေးဖိုင်၏ Unsubscribe Menu Tab မှ တဆင့် ဝင်ရောက်ပယ်ဖျက်နိုင်မည်ဖြစ်ပါသည်။ တစ်လအတွင်း ရပ်ဆိုင်းလိုပါက လက်ရှိ အသုံးပြုနေသော လအတွက် လျှောက်ထားငွေ ပေးသွင်းရမည်ဖြစ်ပြီး ကျန်ရှိသော လအတွက် အကောင့် လျှောက်ထားမှုအား ပယ်ဖျက်ပေးရန် လိုအပ်ပါမည်။ အကောင့်အား Suspend (ခေတ္တရပ်ဆိုင်း) လိုပါက ကိုယ်ရေးဖိုင်၏ Suspend Tab မှတဆင့် ဝင်ရောက်ပြုလုပ်နိုင်ပါသည်။ ရပ်ဆိုင်းမှုကို ပယ်ဖျက်လိုပါက Ytune စာမျက်နှာအပေါ်ပိုင်း ဝဲဘက်တွင်ရှိသော Log In Box အတွင်းရှိ Resume ကို နှိပ်ခြင်းအားဖြင့် Suspend လုပ်ခြင်းအား ပယ်ဖျက်နိုင်ပါသည်။
-အသေးစိတ်စုံစမ်းသိရှိလိုပါက-
1876 (Yatanarpon Call Center) 24/7
02-51 78022 (Ytune Technical Help Desk) (Office Hour -: 9 AM to 5 PM )
သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
0 မှတ်ချက်:
Post a Comment
ယခုနေရာလေးတွင် အားပေးစကားပြောကြားနိုင်ပါသည် ။
Click to see the code!
To insert emoticon you must added at least one space before the code.