Saturday, April 27, 2013

မိမိဖုန်းခေါ်လိုက်သူကို မိမိတို့နားဆင်စေချင်သော သီချင်းကို နားဆင်စေဖို့အတွက်


ကျနော်အဲ့ကောင်လေးကို ကိုခန့်ဆီကလှမ်းမေးဘူးပါတယ် ... သူဆီကနေ web site လိပ်စာလေးတောင်းပြီး  register လုပ်ဘူးပါတယ် ဒီတော့မသိသေးတဲ့အိုင်တီက လူငယ်တွေအတွက်ပေါ့ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ် သူဆိုဒ်မှာ register လုပ်မယ်ဆိုရင် တစ်လ ကို နှစ်ထောင်
ဖြတ်ပါတယ် နှစ်သိန်းတန်ဖုန်းတွေကအစ လုပ်လို့ရပါတယ် သီချင်းတစ်ပုဒ်ဝယ်ယူမယ်ဆိုရင် ၃၀၀ ကျပ် ဖြတ်ပါတယ်တစ်ပုဒ်ကို
ကြိုက်နှစ်သက်ရာသီချင်းကိုဝယ်ယူပြီးထည့်သွင်းနိုင်ပါတယ်ကိုယ်တော့နားထောင်လို့မရဘူးဒါပေမဲ့ဖုန်းဆက်တဲ့လူနားထောင်လို့ရတာပေါ့နော် ..... ။ ဘယ်လိုလုပ်ရမလဲဆိုရင်တော့လုပ်ပုံလုပ်နည်းကိုပြောပြပေးပါမယ် ။


    …     
    

မိတ်ဆွေ၊ သူငယ်ချင်းများမှ သင့်ထံ ဖုန်းခေါ်ဆိုသော အခါ ပုံမှန် မြည်နေသော Ring မြည်သံ အစား တီးလုံးသံလေးများ ကြားလိုပါသလား? Ytune ကို အသုံးပြုခြင်းအားဖြင့် သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်များဖြင့် သင့်ရဲ့တယ်လီဖုန်းဆက်သွယ်ချိန်တိုင်းမှာ စိတ်ကြည်နူးမှုရယူနိုင်ပါတယ် .. Ytune အား ပုံမှန်လစဉ်ကြေး ပေးသွင်းခြင်းအားဖြင့် မိမိထံသို့ ဖုန်းခေါ်ဆိုသော မိတ်ဆွေများကို Ring Tune သီချင်းသံလေးများ နားဆင်စေရင်း ရသသစ်တစ်မျိုးခံစားနိုင်ကြမှာ ဖြစ်ပါတယ်...

သင့်မိတ်ဆွေများ ထံသို့ တစ်နေ့တာ အပြန်အလှန် ဆက်သွယ်ချိန်တိုင်းအတွက် “သံစဉ်များသီကျူးပေးနေမဲ့ Yatanarpon Ytune” အား အသုံးပြုကြပါစို့ ...


    Online Register ပြုလုပ်ပုံ အဆင့်ဆင့်     
    

- ပထမအဆင့်အနေဖြင့် Ytune Service Website (http://www.ytune.com.mm ) သို့ ဝင်ရောက်ပါ။

- Ytune Service ရယူရန် ဖုန်းတစ်လုံးချင်းစီအတွက် အကောင့်တခုစီ လျှောက်ရမည်။ အကောင့်လျှောက်ရန် အတွက် Ytune Service Website ပထမဆုံးစာမျက်နှာ ဝဲဘက်အထက်နားရှိ Register ဟူသော Link မှတဆင့် သွားရောက်၍ အောက်ပါ form အားဖြည့်စွက်ရမည်ဖြစ်သည်။



Form ဖြည့်စွက်ပြီးနောက် APPLY FOR A DYNAMIC PASSWORD Button အားနှိပ်လိုက်ပါက Ytune Service အတွင်းသို့ဝင်ရောက်နိုင်မည့် Password အား သင်၏ဖုန်းသို့ SMS Message ချက်ချင်း ပေးပို့ အကြောင်းကြားမည်ဖြစ်ပါသည်။

-ရရှိလာသော Password အား အောက်ပါ form တွင်ဖြည့်စွက်ရမည်ဖြစ်သည်။



Password ဖြည့်စွက်၍ Confirm Button အား နှိပ်ပြီးလျှင် Register ပြုလုပ်ခြင်း အဆင့် ပြီးစီးသွားပြီ ဖြစ်ပါသည်။


SMS Register ပြုလုပ်ပုံ အဆင့်ဆင့်
    

- ပထမအဆင့်အနေဖြင့် ဖုန်းကုဒ်နံပါတ် 1772 သို့ Reg ဟုရေးသား၍ Message ပေးပို့ရပါမည်။
- အသုံးပြုသူများထံသို့ Service System မှ Ytune Service တွင် အကောင့်တစ်ခု ရရှိပြီးဖြစ်ကြောင်း Auto Return Message Code 777777 အား ပေးပို့ အကြောင်းကြားမည် ဖြစ်ပါသည်။
- System မှပေးပို့လိုက်သော Default Password Code Number သည် Security အရ အသုံးပြုခွင့် ပိတ်ထားပါသဖြင့် အသုံးပြုသူများမှ ဖုန်းကုဒ်နံပါတ် 1772 သို့ [cpw +“your password” ] ဟုရေးသား၍ Message ထပ်မံ ပေးပို့ရပါမည်။
- ထို့နောက် Ytune Service အား ဝင်ရောက် အသုံးပြုသော သီးခြား password တစ်ခုကို အသုံးပြုသူများထံသို့ System မှ Message ပေးပို့ အကြောင်းကြားမည် ဖြစ်ပါသည်။




အသုံးပြုသူ Member များအတွက် လမ်းညွှန်
    

-Ytune System အား အသုံးပြုသူ Member များအတွက် System မှ Default Ring Tune တစ်ခု သတ်မှတ်ပေးထားပြီး ဖြစ်ပါသည်။


(Ytune Store & Top List) သံစဉ်များ ရွေးချယ်ဝယ်ယူနိုင်ရန်
    

လူကြီးမင်းတို့ ကြိုက်နှစ်သက်ရာ သီချင်းများကို Ytune Store (သို့မဟုတ်) Top List စာမျက်နှာ ၂ ခုတွင် စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ရွေးချယ်ရာတွင် Ring Tune Code (သို့) သီချင်းအမျိုးအစား(သို့) သီချင်းသီဆိုသူ (သို့) သီချင်းအမည်ဖြင့့်် ရှာဖွေ၍ စမ်းသပ်နားထောင် ရွေးချယ်နိုင်ရန် လက်ရှိ ရေပန်းစားနေသော သီချင်းများနှင့် နောက်ဆုံးပေါ် သီချင်းအမျိုးအစားပေါင်းများစွာကို Top List စာမျက်နှာ မှတဆင့် လ အလိုက်၊ အပတ်စဉ် အလိုက် ထိပ်ဆုံး စာရင်းများကို ရှာဖွေ ရွေးချယ်နိုင်ပါသည်။


(My Ytune) ကိုယ်ပိုင်သံစဉ်များ စုစည်းမှု
    

လူကြီးမင်းတို့ ဝယ်ယူထားသော သံစဉ်များအား မူပိုင်သံစဉ် (Default Tone) တစ်ခု ထားရှိနိုင်ခြင်း အပြင် အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် အစရှိသဖြင့် ပြင်ဆင်ပြောင်းလဲနိုင်ခြင်း၊ မိမိစိတ်ကြိုက်သတ်မှတ်ထားသော အချိန်အပိုင်းအခြားတစ်ခု (Time Period Tone) ထားရှိနိုင်ခြင်း၊ စ သော လုပ်ငန်းစဉ်များကို My Ytune စာမျက်နှာတွင် ဆောင်ရွက်နိုင်ပါသည်။


(Number Mangament)
ဖုန်းခေါ်ဆိုသော နံပါတ်များကို မူတည်၍ သံစဉ်များအား အုပ်စုလိုက်ခွဲခြားထားသိုခြင်း  
    

ဖုန်းခေါ်ဆိုသော မိတ်ဆွေများ၏ နံပါတ်များအလိုက် အုပ်စုခွဲကာ သံစဉ်များအား တလှည့်စီ နားဆင်နိုင်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ လူကြီးမင်းထံသို့ ခေါ်ဆိုသော ဖုန်းနံပါတ်များထဲမှ မိမိ၏ Tune အား မကြားစေချင်သော ဖုန်းနံပါတ်အား Blacklist ထဲတွင် ထည့်သွင်းနိုင်ပါသည်။


(Personal Setting) ကိုယ်ရေးဖိုင်  
    

Ytune Service အသုံးပြုသူ၏ ကိုယ်ရေးဖိုင်ထဲတွင် မိမိနှင့်ပတ်သက်သော အချက်အလက်များဖြစ်သည့် လျှို့ဝှက်နံပါတ် နှင့် ကိုယ်ရေးအချက်အလက် အစရှိသည်တို့ကို ပြောင်းလဲနိုင်မည် ဖြစ်ပါသည်။ အကယ်၍ မိမိ လျှောက်ထားပြီးဖြစ်သော ဖုန်းနံပါတ် (eg, 9 xxx xxx xxx) ကို ပယ်ဖျက်လိုပါက မိမိ ကိုယ်ရေးဖိုင်၏ Unsubscribe Menu Tab မှ တဆင့် ဝင်ရောက်ပယ်ဖျက်နိုင်မည်ဖြစ်ပါသည်။ တစ်လအတွင်း ရပ်ဆိုင်းလိုပါက လက်ရှိ အသုံးပြုနေသော လအတွက် လျှောက်ထားငွေ ပေးသွင်းရမည်ဖြစ်ပြီး ကျန်ရှိသော လအတွက် အကောင့် လျှောက်ထားမှုအား ပယ်ဖျက်ပေးရန် လိုအပ်ပါမည်။ အကောင့်အား Suspend (ခေတ္တရပ်ဆိုင်း) လိုပါက ကိုယ်ရေးဖိုင်၏ Suspend Tab မှတဆင့် ဝင်ရောက်ပြုလုပ်နိုင်ပါသည်။ ရပ်ဆိုင်းမှုကို ပယ်ဖျက်လိုပါက Ytune စာမျက်နှာအပေါ်ပိုင်း ဝဲဘက်တွင်ရှိသော Log In Box အတွင်းရှိ Resume ကို နှိပ်ခြင်းအားဖြင့် Suspend လုပ်ခြင်းအား ပယ်ဖျက်နိုင်ပါသည်။


-အသေးစိတ်စုံစမ်းသိရှိလိုပါက-
    

1876 (Yatanarpon Call Center) 24/7

02-51 78022 (Ytune Technical Help Desk) (Office Hour -: 9 AM to 5 PM )

သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။









Android apk ဖိုင်တွေကိုကိုယ်တိုင်လုပ်ချင်သူများအတွက်




Android ဖုန်းတွေပာာ ခုခေတ်မှာ တော်တော်လေးခေတ်စားလာတာကိုကျနော်မြင်တွေ့နေရပါတယ် လူတိုင်းလိုလိုမှာ Android ဖုန်းတွေကိုင်ထားကျပါ
မကိုင်ရသေးဘူးဆိုလဲပြေးဝယ်လိုက်နော် ပာီးးးး

အဲ့လိုပဲ Android app တွေကလဲ အရမ်းကို ထွက်ရှိလာတာမြင်တွေရမှာပါ software တွေအများကြီးထွက်ရှိလာသလို ကိုယ်တိုင်ပြန်ရေးထားကျတဲ့
ဆော့ဝဲပေါင်းများစွာလဲတွေ့ရှိနေရပါတယ် ဒီတော့ အိုင်တီထဲက သူငယ်ချင်းတွေ နည်းပညာ သမားတွေလဲ ကိုယ်တိုင် Android software လေးတွေ
ရေးချင်ကျမှာပဲလို့စိတ်ထဲ တွေးမိတာနဲ့ရေးချင်ကျတဲ့လူငယ်လေးတွေ web ပေါ်မှာတင် အဆင်သင့်ရေးလို့ရအောင်လို့ ကျနော် ဆိုဒ်နှစ်ခုကိုညွှန်းပေးလိုက်
ပါရစေဗျာ ကျနော်ကိုယ်တိုင် ပြန်ရေးထားတဲ့ ဆိုဒ်တစ်ခုပါထည့်ပေးလိုက်ပါတယ် ...။

ပထမဆိုဒ်ကတော့

http://www.appsgeyser.com

ဒီဆိုဒ်မှာဝင်ရေးလို့ရပါတယ်

http://www.mmitfriendships.org/index.php?topic=6454.0

ဒီပိုစ့်မှာရေးထားတဲ့ ဝင်းရန်နိုင်ထွတ် ပြုလုပ်ထားတဲ့ apk file ကတော့ အဲ့ဆိုဒ်က ပြုလုပ်ထားတာပါ ။ သူကျတော့ ဆိုဒ်ထဲကို  browser
ထဲကနေဝင်စရာမလိုပဲ အဲ့ apk file နဲ့ တန်းဝင်လို့ရပါတယ် ။ အဲ့လိုမျိုး ဆိုဒ်တစ်ခုလုပ်ထားတာလဲမြင်တွေ့ဘူးပါတယ် အဲ့ဒီဆော့ဝဲတွေက web ပေါ်ကနေရေးပြီး free လုပ်လို့ရတဲ့ဆော့ဝဲတွေဖြစ်ပါတယ် ။

နောက်ဆိုဒ်တစ်ခုထပ်ညွှန်းပေးပါမယ် နောက်ဆိုဒ်ကတော့ ကျနော် စက်ထဲမှာသာ install လုပ်ပြီး rum ထားတဲ့apk file လေးပါ အဲ့ဖိုင်လေးက
ကိုခန့်လုပ်ထားသလိုမျိုး feed တွေကို ပေးပို့ပေးတဲ့အပြင် ကိုယ်ကြိုက်နှစ်သက်တဲ့FB wall ပေါ် က feed တွေကိုလေး ပေးပို့ခိုင်းလို့ရပါတယ်
အဲ့လိုပေးပို့ခိုင်းစေချင်ရင်တော့ ကိုယ်ကြိုက်နှစ်သက်တဲ့ဆိုဒ်ရဲ့ feed source လမ်းကြောင်းကိုသိထားမှဖြစ်မှာပါ ။ ကျနော်တို့ဆိုဒ်ရဲ့ feed source
ကတော့  http://www.mmitfriendships.org/index.php?type=rss;action=.xml  အဲ့လင့်ခ်ဖြစ်ပါတယ် ။  အဲ့feed source လမ်းကြောင်းက ကိုခန့်ရေးထားတဲ့ apk ဖိုင်ထဲမှာလဲပါပါတယ် ။ အဲ့လမ်းကြောင်းရှိမှသာလျှင် ပေးပို့ပေးနိုင်မှာဖြစ်ပါတယ် ။ လေလဲတော်တော်ရှည်နေပါပြီ
ဒီတော့ ကျနော်ကြိုက်နှစ်သက်ပြီး အလွယ်တကူ လုပ်လို့ ရတဲ့ဆိုဒ်လေးကိုညွှန်းပေးလိုက်ပါတော့မယ် အဲ့ဆိုဒ်ကတော့

http://www.conduit.com

အဲ့ဆိုဒ်လေးမှာ ကိုယ်ကြိုက်နှစ်သက်သလိုပြုလုပ်နိုင်သလို ico လေးကအစထည့်သွင်းယူသွားလို့ရပါတယ်တော်တော်လေးလဲကောင်းပါတယ် ကျနော်အဲ့
ဆိုဒ်မှာလုပ်ထားတဲ့ mmitfriendships apk file လေးကတော့ဒီမှာဒေါင်းလိုက်ဗျာ

http://storage.conduit.com/Mobile/29/2b/29a260bf-252b-4a42-8932-63f58790bb54/Build/Android/1.2.4.254/3__2013-03-30_10-45-18-2762/app.apk

ကဲနောက်မှပဲမသိတဲ့လူရှိရင် အဲ့လိုဆိုဒ်တွေမှာ ဘယ်လိုလုပ်ရလဲဆိုတဲ့နည်းပညာရေးပေးတော့မယ် တာ့တာ :school:

         Mr.PhYoLaY
(အိုင်တီလူငယ်များဆုံဆည်းရာ)

Saturday, March 23, 2013

Android စစ် မစစ် စမ်းသပ်နည်း




Android စစ်မစစ် ဘယ်လိုစမ်းမလဲ ဆိုတာသိကြလား သူငယ်ချင်းတို့ရေ မသိသေးတဲ့လူများနဲ့သိထားသင့်တဲ့လူများအတွက်ပေါ့နော် ရည်ရွယ်ပြီးရေးပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ ...။ ကျနော်လဲ သိလား ဆိုအရင်တုန်းကမသိခဲ့ပါဘူး Android အကြောင်းလေ့လာရင်းနဲ့မှ စမ်းသပ်ကြည့်မိရင်းသိထားတာလေးကိုဝေမျှလိုက်တဲ့သဘောပါပဲ ခုခေတ်မှာ Android Clone တွေ အရမ်းပေါများနေတဲ့ခေတ်ကြီး မှာ ကျနော်တို့ Android စစ်မစစ်ကို အရင်ဆုံး သိထားသင့်တယ်ထင်ပါတယ် ။ တစ်ချို့ Java ဖုန်းတွေက Android ဖုန်းတွေလို အသွင်အပြင်တော်တော်ဆင်ပါတယ်ရုတ်တရပ်ကြည့်ရင် Android လို့ တော်တော်လေး ထင်ရပါတယ် Touch Screen ကိုစမ်းကြည့်မယ်ဆိုရင်လဲ ကွဲပြားစွာသိနိုင်ပါတယ် ။ ခက်တာက တစ်ချို့ Android Clone တွေက တော်တော်လေး ခွဲခြားရခက်လောက်အောင် Android လို တူနေတက်အောင်ကိုရှိတက်ပါတယ် ။

 အဲ့တော့ ဘယ်လိုခွဲခြားရမလဲ အခက်တွေ့နေတက်ပါတယ် ခုနောက်ပိုင်း samsung galaxy mini တွေတော်တော်များများမှာ Android အစစ်မပာုတ်တာတွေသုံးထားတာတွေ့ရတက်ပါတယ် လုံးဝကို  အစစ် နဲ့တူပါတယ် အဲ့လိုဖုန်းတွေ အစစ်ပာုတ်မပာုတ်ဘယ်လို စမ်းနိုင်လဲဆိုရင် အလွယ်ဆုံးက Sitting ထဲကိုဝင်ပြီးDisplay ကို ရှာကြည့်ပါ samsung galaxy series တွေမှာတော့ ဒီနည်းနဲ့ စမ်းသပ်နိုင်ပါတယ်  ။ Display ထဲမှာ Font style ကိုရှာကြည့်လိုက်ပါ တွေ့ရင် အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်  ။ မတွေ့ရင်တော့ အစစ်မပာုတ်ဘူးပေါ့ဗျာ  :greet_emot_smiley:

နောက်တစ်နည်းကတော့ လုံး၀ အစစ်ဖြစ်ကြောင်းကို စမ်းကြည့်လို့ရပါတယ် setting ထဲကိုဝင်လိုက်ပါ about phone ကိုတွေ့ရပါမယ် Android version 2.3.6 အစရှိသဖြင့် ရေးထားတာတွေ့ရပါမယ် အဲ့ဒီနေရာလေးကို သုံးလေးခါ ဆက်တိုက်နှိပ်ကြည့်လိုက်ပါ ကျနော်ဖုန်းဆိုZombie art by jack Larson ဆိုပြီး Android ပုံလေးနဲ့ စာလေးတက်လာပါတယ် အဲ့လိုတက်လာတယ်ဆိုရင်တော့ လုံး၀ အစစ်ဖြစ်ကြောင်း
သိရှိနိုင်ပါတယ် Android Clone တွေမှာ ဒီလိုမျိုး ဖန်တီးနိုင်မှု မရှိသေးတာကို တွေ့ ရပါတယ် ။ ဒါကြောင့် ကိုယ့်ဖုန်း အစစ် ဖြစ်မဖြစ် ခုပဲ စမ်းသပ်ကြည့်လိုက်ကြနော် အိုင်တီက ချစ်သူငယ်ချင်း တွေ  အစစ်မပာုတ်ဘူးဆိုရင်တော့ :115:

Android 4.0.4 မှာတော့ Android version ရယ် ICS,Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ် နောက်ပြီး အဲ့ Android ပုံလေးကို ဆက်နှိပ်လိုက်မယ်ဆို Android ပုံလေးပြေးနေတာကိုတွေ့ရပါလိမ့်မယ် ။

Monday, March 4, 2013

၂၀၁၃ ချစ်သူများနေ့ အထိမ်းအမှတ် အိုင်တီ အွန်လိုင်းဂျာနယ်



၂၀၁၃ ချစ်သူများနေ့ အထိမ်းအမှတ် အိုင်တီ အွန်လိုင်းဂျာနယ်

ပထမဦးဆုံးသော MMiTFriendships Online Magazine အား ယခုနေရာတွင်Download ဆွဲပြီးဖတ်ရှုနိုင်ပါပြီ
 :click1:
http://www.mediafire.com/view/?im8y57fqno8v6ti
 :Congrats:
MMiTFriendships Online Magazine အားအဘက်ဘက်မှ ဖြစ်မြောက်အောင် ဒီဇိုင်းအားဖြစ်သော်၎င်း Online Magazine အဖြစ်အနေနဲ့သော်၎င်း အိုင်တီဒီဇိုင်းနာအဖြစ်နဲ့သော်၎င်း ဖန်တီးပြုလုပ်ပေးခဲ့သော YP Kaunglay ခေါ် လင်းရန် နှင့် စာမူရေးပို့ပေးသော သူငယ်ချင်းများအား အထူးပင်ကျေးဇူးတင်ရှိပါသည်။

:74:
iTfriendships မိသားစု

Wednesday, February 27, 2013

MMiTFriendships apk

အိုင်တီဖိုရမ်မှ အသင်းဝင်များ အသစ်တင်လိုက်ကြတဲ့ ရေးသားချက်တွေ၊ ပြန်လည်ဖြေကြားချက်တွေကို Android Devices များမှလည်း Feeds အနေဖြင့်ကြည့်ရှုလို့ရအောင် MMiTFriendships ဆိုတဲ့ Application လေးတစ်ခုပြုလုပ်ပေးလိုက်ပါတယ်။ Android apk ပိုင်း သိပ်မကျွမ်းကျင်ပေမယ့် အိုင်တီအတွက်ဆိုပြီး ကောင်လေးခန့် မှ ရေးပေးခဲ့ ခြင်းဖြစ်ပါတယ်

ဒီနေရာလေးမှာ ဒေါင်းလိုက်နော်။